Local News

‌အောင်လံကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းနီစျေးများ သိသိသာသာမြင့်တက်

Last Updated:

‌အောင်လံကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းနီစျေးများ သိသိသာသာမြင့်တက်

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ တစ်ပတ်အတွင်းကာလတူ (၁၀.၈.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါက (၅.၈.၂၀၂၂)ရက်နေ့တွင် နှမ်းများစတင်ထွက်ပေါ်လာပြီး ဝယ်လိုအားကောင်းသဖြင့် နှမ်းနက် (စမုံ)၊နှမ်းဖြူ၊နှမ်းနီ စျေးများ သိသိသာသာမြင့်တက် လျှက်ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ(သစ်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၂၀၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၅၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀၀ဝဝ)ကျပ်၊ နှမ်းဖြူ(မကွေး)သစ် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၁၉၅၀ဝဝ)ကျပ် စျေး၊ ယနေ့(၂၂၀၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၂၅၀ဝဝ) ကျပ်၊ နှမ်းနီ(၄၅)ပိဿာ (၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၁၉၅၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ် (၂၂၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀၀ဝဝ)ကျပ်တို့ အသီးသီးမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျှက်ကြောင်းသိ ရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News